menu

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

menu test

Wednesday, 14 November 2012

ဟာနန်ဒက် ခြေစွမ်းပြမှု နှင့် အတူ မန်ယူ ရဲ့ နိုင်ပွဲ

ဟာနန်ဒက် ခြေစွမ်းပြမှု နှင့် အတူ မန်ယူ ရဲ့ နိုင်ပွဲ ( Aston villa 2 VS Man U 3 ) ဒီပွဲမှာတော့ မန်ယူပရိသတ်တို့ ရဲ့ အသည်းကျော် တယောက်ဖြစ်လာတဲ့ ချီချာရီတိုဟာနန်ဒက်ရဲ့ ပွဲ လို့ ပြောရမယ့်ပွဲပါဘဲ။ အက်စတန်ဗီလာ အသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့ အညီ အနိုင်ရအောင် ပွဲစကတည်းက အားထုတ်ကစားခဲ့ကာ မန်ယူအသင်း ကစားကွက်ကို တည်မရဘဲ ထိန်းကစားနေရင်းက ဘဲ အိမ်ရှင်အသင်းကို ဒီနှစ်မှာ မန်ယူအသင်းရဲ့ ထုံးစံအတိုင်း အဖွင့်ဂိုးတွေပေးလိုက်ရပါတယ်... ဒါပေမယ့် မန်ယူလို့ ဘဲဆိုရမလား ပွဲဟာ ဟာနန်ဒက် ၀င်လာပြီးနောက်ပိုင်း မိနစ်၆၀ ကျော်လောက်ကနေစပြီး မန်ယူအသင်းဟာ အသာစီးယူကာ ပြန်ကစားနိုင်ခဲ့ပြီး ချေပဂိုးတွေ အပြင် အနိုင်ဂိုးကို ပါ ဟာနန်ဒက် တဦးတည်း က သွင်းယူပေးသွားပြီး မန်ယူနိုက်တတ် ရဲ့ စိတ်ဓါတ်ကို ပြသနိုင်ခဲ့ပါတယ်... အထူးသဖြင့် ဒီပွဲမှာ လူစားဝင်ခြေစွမ်းပြသွားတဲ့ ဟာနန်ဒက် ဟာ ပရိသတ်အတွတ်တောသူရဲကောင်း တယောက်ဖြစ်ခဲ့ပါတယ်.. ရွန်နီ အနေနဲ့ ကတော့ ဘောလုံးဖြန့် ဝေမှုကို ပိုမိုတာဝန်ယူခဲ့ရပြီး RVP ရဲ့ ကန်ချက်တွေ တိုင်ထိခဲ့ရတာကလည်း ဒီထက်ပို ကြည့်ကောင်းခဲ့ပါတယ်...ဒီနှစ်မှာတော့ မန်ယူ အသင်းဟာ ရစ်သမ် မှန်မှန်နဲ့ ထိပ်ဆုံးက ချီတတ်လျက်ရှိနေပါတော့တယ်...

Monday, 5 November 2012

Spain La Liga Hightlights ( Real & Barca )

Barcelona vs Celta Vigo 3-1 ( Adriano, Villa, Alba/ Bermejo)
Barça 3 Celta 1 by jordixana Real Madrid vs Real Zaragoza 4-0 ( Higuain, Di Maria, Essien, Modric)
Madrid 4 Zaragoza 0 by jordixana

Saturday, 3 November 2012

ပရိုဖက်ရှင်နယ်ပီသမှုနှင့် မန်ယူ ရဲ့နိုင်ပွဲ

ဗန်ပါစီရဲ့  ပရိုဖက်ရှင်နယ်ပီသမှု နှင့် အတူ အာစင်နယ်ကို အိမ်ကွင်း မှာ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဗန်ပါစီအနေနဲ့  ရှစ်နှစ်ကြာ ကစားခဲ့တဲ့ ကလပ်ကို ပြန်လည်ရင်ဆိုင်ခဲ့ရတာကြောင့် ဖိအားတွေရှိနိင်တယ်လို့ ခန့် မှန်းခဲ့ပေမယ် ပရို တယောက်ပီသစွာနဲ့ ရင်ဆိုင်နိုင်ခဲ့ကာ အနိုင်ဂိုး တဂိုးပါ သွင်းပေးနိုင်ခဲ့ပါတယ်..ဒီပွဲမှာ မန်ယူ ရော အာစင်နယ် အသင်း တို့ ဟာ အဓိက ကစားသမားအစုံအလင်နဲ့  ဘဲ ပွဲထွက်လာခဲ့ပါတယ်..ပွဲစစချင်းမှာဘဲ ဗန်ပါစီရဲ့  အဖွင့်ဂိုးကြောင့် အာစင်နယ်တို့ ပိုပြီး ဖိအားဝင်ခဲ့ပါတယ်။ ချေပဂိုး ရဖို့ ကြိုးစားခဲ့ပေမယ့် မန်ယူရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ..ပွဲတလျောက် ခံစစ်ကို အားပြုပြီး ကစားခဲ့ရပါတယ်..ပွဲပြီးခါနီးမှာ အီဗရာ က ဒုတိယ အနိုင်ဂိုးကို သွင်းလိုက်တဲ့ အချိန်မှာတော့ ပွဲဟာ ပြီးသလောက် ဖြစ်သွားပြီး နောက်ဆုံး မိနစ်မှာ ကာဇိုလာက နှစ်သိမ့်ဂိုး သွင်းယူသွားခဲ့ပါတယ်...မနှစ်က အရှက်တကွဲ ရှုံးခဲ့ရတဲ့ အကြွေးကို မဆပ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်.
PLAYER RATINGS MANCHESTER UNITED: De Gea 7, Rafael 7, Evra 7, Ferdinand 6, Evans 6, Valencia 8, Carrick 7, Young 7, Cleverley 6, Rooney 8, Van Persie 7. SUBS: Anderson 7, Nani N/A

ARSENAL: Mannone 7, Sagna 7, Santos 4, Mertesacker 7, Vermaelen 4, Arteta 6, Wilshere 5, Ramsey 5, Cazorla 7, Podolski 5, Giroud 6. SUBS: Walcott 6, Arshavin N/A

Friday, 2 November 2012

Chelsea FC 5 - 4 Man Utd

(After Extra Time) Chelsea FC 5 - 4 Man Utd နှစ်သင်းလုံးသည် ပထမ အသင်းသား အချို့နှင့် လူငယ် ကစားသမားများ၊ အရန်များကို အဓိကထား အသုံးပြု သွားခဲ့သည်။ ချယ်ဆီး အနေဖြင့် လည်း ပြီးခဲ့သည့် ရက်ပိုင်းလေးအတွင်း ရှုံးခဲ့ ရတဲ့ အကြွေးကို ပြန်လည် ဆပ်နိုင်ခဲ့တဲ့ ပွဲ ဖြစ်ခဲ့ပါတယ်။ပွဲအပြီးမှာတော့ ဖာဂူဆန်က "ကိုယ်က ပွဲကို အပြည့်အဝ ထိန်းချုပ် ဦးဆောင်နေတဲ့ အချိန်မှာ တတိယဂိုးကို အလဟဿ ပေးလိုက်ရတာပါ။ ဘောလုံးကို ပိုင်ဆိုင်မှု ယူထားနိုင်ရမယ့် အချိန်မှာ နာနီက ပြိုင်ဘက် တစ်ယောက်ကို ကျော်ဖို့ ကြိုးစားတယ်။ ပြီးတော့ ဘောလုံး ဆုံးရှုံးသွားတယ်။ အဲဒီနောက်မှာတော့ ပင်နယ်တီ ပေးလိုက်ရတယ်။ ကျွန်တော်ကတော့ ဒီဖြစ်ရပ်မှာ ပင်နယ်တီ ဖြစ်သင့် မဖြစ်သင့် သေချာ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အမှား တစ်ခုက အချိန်ပို ကစားစေဖို့ ဖြစ်သွားပြီး အဲဒီ အနေအထားက အသင်းရဲ့ လူငယ်တွေ အတွက် မတန်တဆ ဖိအား များသွားစေတယ်" ဟု ထောက်ပြခဲ့သည်။Chelsea: Cech,Azpilicueta,Cahill,Luiz,Bertrand,Romeu (Oscar 71),Mikel (Ramires 46),Moses,Mata,Piazon (Hazard 55),Sturridge.Subs Not Used: Hilario,Ferreira,Marin,Saville.Booked: Romeu,Mikel,Luiz,Oscar,Ramires.Goals: Luiz 31,Cahill 52,Hazard 90,Sturridge 97,Ramires 116.
Man Utd: Lindegaard,Da Silva,Wootton,Keane,Buttner (Powell 46),Anderson (Tunnicliffe 81),Giggs,Fletcher,Nani,Hernandez,Welbeck (Macheda 99).Subs Not Used: Johnstone,Lingard,Vermijl,Brady.Booked: Wootton,Nani,Keane,Giggs.Goals: Giggs 22,Hernandez 43,Nani 59,Giggs 120.ROUND 4 Wednesday 31st October 2012 Liverpool 1 - 3 Swansea Norwich 2 - 1 TottenhamTuesday 30th October 2012 Leeds 3 - 0 S'thampton Reading 5 - 7 Arsenal (ET) Sunderland 0 - 1 Middlesbro Swindon 2 - 3 Aston V Wigan 0 - 0(*) Bradford C (P)