menu

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

menu test

Wednesday, 31 October 2012

အံ့သြဖွယ် ကောင်းသော အာစင်နယ် နိုင်ပွဲ

သီယို ၀ယ်ကော့ရဲ့ ဟက်ထရစ်နဲ့ အတူ အာဆင်နယ်အသင်းဟာ ဂိုးပြတ်ရှုံးနိမ့်နေရာမှ ဂိုးတွေဆက်တိုက်ပြန်သွင်းပြီး အင်္ဂလိပ် လိဂ်ဖလားရဲ့ သမိုင်းတလျှောက် အပြန်အလှန် ဂိုးသွင်းများတဲ့ စံချိန်ဝင်သွားခဲ့ပါတယ်။ ရီးဒင်းအသင်းဟာ အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး အာဆင်နယ် အသင်းက ချေပဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ အပြင် အချိန်ပို မိနစ် ၃၀ ပါ ထပ်ကန်ပြီး ပွဲအပြီးမှာ အာဆင်နယ်အသင်း က ၇ ဂိုး – ၅ ဂိုးနဲ့ အနိုင်ရပြီး လိဂ်ဖလားနောက်ဆုံး ၈ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။
ယခုနှစ်မှ ပရီးမီးယားလိဂ်သို့ တန်းပြန်တက်လာတဲ့ ရီးဒင်းအသင်းမှာ အတွေ့ အကြုံရင့် ကစားသမား ဆိုလို့ ရှိုရေး၊ မော်ရစ်ဆင်၊ ဂျေဆင် ရော်ဘတ်နဲ့ ပိုဂရက်ညက် တို့ သာ ပါဝင်ပြီး အာဆင်နယ် အသင်းကတော့ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်တာကြောင့် ပရီးမီးယားလိဂ်ပွဲတွေမှာ ထုတ်မသုံးတဲ့ ၀ယ်ကော့ကို ထည့်သွင်းကစားစေခဲ့ပြီး အာရှာဗင်၊ ချာမက်၊ ကိုစီယန်နီတို့ အုပ်စုနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစ ၃၅ မိနစ် အတွင်းမှာတင် ဂျေဆင်ရော်ဘတ်၊ ကိုစီယန်နီရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမှု၊ လီဂါဝတ်နဲ့  နိုအယ် ဟန့်တို့ရဲ့ ဂိုးတွေနဲ့ ရီးဒင်းဟာ ၄ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမ ပိုင်းပြီးခါနီးမှာ ၀ယ်ကော့က ချေပဂိုး ၁ ဂိုး ပြန်သွင်းတာကြောင့် ၄-၁ နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ ပွဲရဲ့ အလှည့်အပြောင်းအနေနဲ့  ၆၂ မိနစ်မှာ ဖရင်းပေါင်အစား ပြင်သစ်တိုက်စစ်မှူး ဂျီးရော့ဒ် ၀င်လာပြီး သိပ်မကြာခင်မှာတင် အာဆင်နယ် အသင်းအတွက် ချေပဂိုး တဂိုး သွင်းလိုက်နိုင်ပါတယ်။ ဒီ ဂိုးကို ၀ယ်ကော့က နောက်တန်းလူတွေကို ကျော်ဖြတ်ပြီး ဖြတ်တင်ပေးရာမှာ ဂျီးရော့ဒ်က ခေါင်းတိုက်သွင်းယူတာကြောင့် ရီးဒင်း ဂိုးသမား ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။
အာဆင်နယ် အသင်းဟာ အားတက်လာပြီး အတင်းဖိကစားပေမယ့် ပွဲဟာ ၄-၂ ဂိုးနဲ့သာ ပြီးတော့မယ်လို့ ထင်ရာကနေ ၈၉ မိနစ်မှာ ကိုစီယန်နီ က တဂိုး၊ မိနစ် ၉၀ မှာ ၀ယ်ကော့က တဂိုးစီ သွင်းယူလိုက်နိုင်တာကြောင့် ၄-၄ ဂိုးစီဖြစ်ပြီး သရေ ဖြစ်နေတာကြောင့် အချိန်ပို ထပ်မံကစားရပါတယ်။ အချိန်ပိုမှာ အာဆင်နယ်ရဲ့ အပယ်ခံတိုက်စစ်မှူးဖြစ်နေတဲ့ ချာမက်က ဂိုးသွင်းယူပေးပေမယ့် ရီဒင်း တိုက်စစ်မှူး ပိုဂရက်ညက်က ချေပဂိုး ထပ်မံသွင်းယူလိုက်တာကြောင့် ၅-၅ နဲ့သာ ပွဲဟာပြီးဆုံးဖို့ နီးစပ်နေခဲ့ပါတယ်။
အချိန်ပို မိနစ် ၃၀ ရဲ့ နောက်ဆုံးမိနစ်မှာမှ ၀ယ်ကော့ရဲ့ ဟက်ထရစ် ဂိုးနဲ့ အာဆင်နယ် အသင်း အနိုင်သို့ ခြေတဖက် လှမ်းလိုက်နိုင်သလို ၀ယ်ကော့ရဲ့ ဖန်တီးပေးပို့မှုနဲ့ ချာမက်က သူ့ရဲ့ ဒီပွဲမှာ ဒုတိယ ဂိုးကိုသွင်းယူလိုက်ပြီး အာဆင်နယ် အသင်းဟာ ခက်ခက်ခဲခဲနဲ့ ဂိုးပြတ်ရှုံးနိမ့်ရာမှ နိုင်ပွဲရှာတွေ့ခဲ့ပါတယ်။

Sunday, 28 October 2012

၁၀ နှစ်ကြာ ချယ်ဆီးကွင်း တွင် အနိုင်မရခဲ့မှုကို ရပ်တန့် ခဲ့သည့်နိုင်ပွဲ

ဒီတပတ်ရဲ့ super Sunday မှာ ဒီနှစ် ပရီးမီးယားလိဒ် ရဲ့ အဆုံးဖြတ်ပွဲ တွေထဲက တပွဲအပါအ၀င်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့  ချယ်လ်ဆီး တို့ ရဲ့ ပွဲကတော့ အကြိတ်အနယ်နဲ့ အတော်ကို ကြည့်ကောင်းခဲ့သလို နစ်ဖက်ပရိတ်သတ် တွေအတွတ်လည်း အငြင်းပွားဖွယ်ရာ များနဲ့ ပြီးဆုံးခဲ့ပါတယ်၊ ဒီပွဲ မှာ အိမ်ရှင် ဖြစ်တဲ့ ချယ်လ်ဆီးက ပွဲပယ်ခံထားရတဲ့ တယ်ရီ ကလွဲလို့ ပုံမှန် ပွဲထွက် အမာခံလူများနဲ့ ဘဲ ထွက်ရှိလာပါတယ်။ ဧည့်သည် မန်ချက်စတာ ယူနိုက်တက် မှာ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ အက်ရှလေယန်းနဲ့ အတူ ဒီဂီယာ၊ နောက်တန်း မှာ ရာဖေး၊ ဖာဒီနန်၊ အီဗန်၊ အီဗရာ၊ ကွင်းလယ်မှာတော့ ချယ်လ်ဆီး ရဲ့ လျင်မြန်တဲ့ ကွင်းလယ်ကို ယှဉ်ဖို့ နည်းပြကြီး ဖာဂူဆန်က တောင်ပံနှစ်ဖက်မှာ အက်ရှလေယန်း နဲ့ ဗလန်စီယာ၊ အလယ်မှာ ကလီဗာလေနဲ့ ကားရစ်တို့ ကို တာဝန်ပေးခဲ့ပြီး ရှေ့ မှာ တော့ ဗန်ပါစီ နဲ့ ၇ွန်းနေး တို့ဘဲ ပွဲထွက်ခဲ့ပါတယ်။ပွဲစတာနဲ့  နှစ်သင်းစလုံး ဟာ လျင်လျင်မြန်မြန် နဲ့ ဘဲ တိုက်စစ်စင်ကစားခဲ့ပါတယ်။ အိမ်ရှင် ချယ်ဆီးကတော့ သူတို့ ရဲ့ အားထားရတဲ့ မာတာ၊ ဟာဇတ်၊ အော်စကာ တို့ ကွင်းလယ် တိုးအားနဲ့ အားပြုကစားပြီး မန်ယူ အသင်းကတော့ တောင်ပံ နှစ်ဖက် ဖြစ်တဲ့ ဗလန်စီယာ နဲ့  ယန်း တို့ အားနဲ့  ပြန်လည် ခုခံခဲ့ပါတယ်။ အထူးသဖြင့် ညာတောင်ပံ က ဗလန်စီယာ ကို အားပြုကစား ခဲ့ကာ ပွဲစလို့ မကြာခင်လေးမှာ ဘဲ မန်ယူတို့  အတွတ် ဦးဆောင်ဂိုးကို ညာတောင်က ရွန်နီး ဖြတ်ပေးလိုက်တဲ့ ဘောလုံးကို ဗန်ပါစီ ပိတ်သွင်းရာ တိုင်ထိပြီး ချယ်လ်ဆီးနောက်ခံလူးဝစ် နဲ့ ထိပြီး ဂိုးဝင်သွားတာကြောင့်ပထမဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုးရပြီး သိပ်မကြာခင်မှာ ဘဲ မန်ချက်စကာယူနိုကတတ် အတွတ် ဒုတိယ ဦးဆောင်ဂိုး ကို ဗန်ပါစီကဘဲ သွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးဟာ ညာတောင်ပံကို အားပြုကစားနေ့  ဗလန်စီယာ ကဘဲ ဖြတ်တင်ပေးတာကို ဗန်ပါစီက သေသတ်စွာသွင်းယူသွားတာပါ။
ပွဲချိန် မိနစ် နှစ်ဆယ် မပြည့်ခင် ၂ ဂိုး အငိုက်မိသွားတဲ့ ချယ်လ်ဆီး အသင်းဟာ တရစပ် တိုက်စစ် ပြန်ဆင်ခဲ့ကာ မန်ယူ အသင်း ခံစစ်ကို အနည်းငယ်အသားပေးကာ တန်ပြန်တိုက်စစ်နဲ့ သာ ကစားခဲ့၇ပါတယ်၊ ဒီအချိန်မှာ မန်ယူဂိုးသမားလေး ဒီဂီယာ ရဲ့ အခန်းက အတော်ကို အရေးပါခဲ့ပါတယ်..ချယ်လ်ဆီး အသင်းရဲ့ သေချာပေါက်ကန်ချက်တွေကို ကာကွယ်ပေးနိုင်ခဲ့လို့ သာ အိမ်ရှင်အသင်း ချေပဂိုး တစ်ဂိုးကို မာတာက ပထမပိုင်း ပြီးခါနီး မှီာ အလွတ်လည်ကန်ဘောက နေသွင်းယူသွားနိုင်ခဲ့ကာ ပထမပိုင်းပြီးခဲ့ပါတယ်။
ဒုတိယ ပိုင်း ပြန်စတဲ့ အခါမှာလည်း ၁ ဂိုးရှုံးနေတဲ့ အိမ်ရှင်ချယ်လ်ဆီးက ဘဲ တိုက်စစ် ကို ခပ်မြန်မြန် နဲ့  မာမာထန်ထန် ကစားခဲ့ကာ မိနစ် ၅၀ ကျော်လောက်မှာ ရာမီးယက်စ် က ချယ်လ်ဆီး အတွတ် ချေပဂိုးကို ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့ပါတယ်။ချေပဂိုးတွေ ရခဲ့ပြီး ချယ်ဆီး ဟာ အနိုင်ဂိုး အတွတ်ပါ ပိုပြီးအားထည့်ကစားခဲ့ပါတယ်၊ မန်ယူအသင်းဟာလည်း ချေပဂိုးတွေ ပေးလိုက်ရတဲ့ အတွတ် သူတပြန်ကိုယ်တပြန်နဲ့  ပွဲက ပိုလို့ ကြည့်ကောင်းခဲ့ပါတယ်။ ဒီအချိန်မှာဘဲ ပွဲကို အလှည့်ပြောင်းဖြစ်သွားစေတဲ့ အိုင်ဗန်နိုဗစ်ရဲ့  အနီကဒ် ပြစ်ဒဏ် နဲ့ ထွက်သွားခဲ့ရပါတယ်။ အိုင်ဗန်နိုဗစ် ဟာ လွတ်ထွက်သွားတဲ့ အက်ရှလေးယန်းကို နောက်ဆုံး နောက်ခံလူအဖြစ် အနောက်ခြေထောက်ကိုငြိသွားတဲ့အတွတ် ဒိုင်လူကြီးဟာ တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။ မန်ယူအသင်းအဟာ ၁ယောက်အသာရသွားတဲ့ အချိန်အနိုင်ဂိုး ရနိုင်အောင် ဖိဖိစီးစီး ကစားလာတာတွေ့ ရပါတယ်။ ကလီဗာလေအစား ရိုင်ဂစ် ကို ထည့်ပြီး တိုက်စစ် အားမြင့်ခဲ့ပါတယ်။ ဒီလိုနဲ့ ချယ်ဆီးကလည်း အော်စကာ ကိုထုတ်ပြီး နောက်တန်း လူတဦးနဲ့ လူစားလဲခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ချယ်ဆီး အတွတ် နောက်ထပ် ကံကြမ္မာဆိုးကတော့ ဖာနန်ဒိုတောရက်စ် အနီကဒ် ထိသွားခြင်းပါဘဲ။ လွက်ထွက်သွားတဲ့ တောရက်စ် ဟာ ပင်နယ်တီစည်း မရောက်ခင် အနောက်က ကပ်ပါလာတဲ့ အီဗန် နဲ့ ငြဲသလိုအနေအထားဖြစ်ပြီး လဲသွားတာကို ဒိုင်လူကြီးက ဒုတိယအ၀ါကတ် ပြပြီး ထွက်သွားစေတဲ့အခါမှာတော့ ပွဲဟာ တဘက်သတ်ဖြစ်သွားစေပြီး မန်ယူအတွတ် အနိုင်ဂိုးကို လူစားဝင်လာတဲ့ ဟာနန်ဒက်က နေပြီးတော့ သွင်းယူသွားကာ အိမ်ရှင် အသင်းပေါ် ၁၀ နှစ်တာ အနိုင်မရခဲ့သော စတန်းဖို့ ဘရစ်ခ်ျ မှာ အောင်ပွဲခံယူသွားကာ ပရီးမီးယားလိဒ် ရဲ့ အရှိန်ကို မြင့်တင်စေလိုက်ပါပြီ။ ။

ကျွန်တော့်ချစ်သူ မသိသော ခံစားချက်များ



နွယ်ပင်တွေကတစ်ရစ်ပြီးတစ်ရစ်
ရစ်ပတ်နိုင်လွန်းတယ်။
ခိုင်မာမြဲလွန်းတဲ့သံယောဇဉ်ကြိုးတွေကြောင့်
မေ့ချင်တဲ့စိတ်ရိုင်တွေ
အရည်ပျော်ပျောက်ကွယ်လို့
ဘယ်ဆီကိုလွင့်ပျောက်ကုန်ပြီလဲ
အကြွင်းအကျန်
သံယောဇဉ်လက်ကျန်တွေနဲ့
ဘယ်နေ့ဘယ်အချိန်ထိ
ပာန်ဆောင်သွားရမှာလည်း
မုသားနှောတဲ့
မင်းစကားသံချိုချိုမှာ
ငါ့အမုန်းတရားတွေပြေလျော့
အချစ်တွေသာတိုးလို့ရစ်ပေါ့
ပျော်ခဲ့ဖူးတဲ့နေ့ရက်လေးတွေ
ပာိုး................အတိတ်မှာ
တစ်စတစ်စကြေမွခဲ့လည်း.......
မင်းထုတ်ပြန်ခဲ့တဲ့အမိန့်တွေကို
ရိုကျိုးစွာနာခံရင်း.............
ရင်နာနာနဲ့ပဲ........
မနက်ဖြန်တွေကိုကျော်ဖြတ်ရဦးမယ်။            ။

Saturday, 27 October 2012

Arsenal 1 VS 0 QPR

 Arsenal  1 VS 0  QPR

အာစင်နယ်အသင်းအနေနဲ့ သူတို့ ရဲ့  အိမ်ကွင်းမှာ အမှားအယွင်းအရှိ အနိုင်ရအောင်ကစားနိုင်ခဲ့ပါတယ်။
ဒါဏ်ရာကြောင့် ကာလအတော်ကြာ အနားယူနေရာကနေ ပြန်လည် ပါဝင်လာနိုင်ပြီဖြစ်တဲ့ ဂျက်ဝီရှိုင်းယား ၊ မီခေးအာတီတာ ၊ ရမ်ဆေး ၊ ကာဇိုလာ တို့ နဲ့ အာစင်နယ် ကွင်းလယ်ဟာ ကစားကွက် ပြန်လည်တည်ငြိမ်ခဲ့ပါတယ်။ ပိုဒေါစကီး ၊ ဂီးရော့ဒ် တို့ ကတော့ တိုက်စစ်မှာ Link man အဖြစ်တလှည့်စီ ကစားသွားပါတယ်...ဂီးရော့ဒ် အနေနဲ့  ကတော့ ဂိုးမိုးခေါင်နေမှု ကို အဆုံးမသတ်နိုင်သေးပါဘူး...ဒီပွဲမှာ အဓိက အဆုံးဖြတ်ပေးသွားတာကတော့ QPR ဂိုးသမား ဆီဇာ နဲ့  စပိန်လက်ရွေးစင်ကစားသမား ကာဇိုလာ တို့ ပါဘဲ။  ဆီဇာအနေနဲ့  အစောပိုင်း သေချာပေါက်ဂိုးတွေ ကို မကာကွယ်နိုင်ခဲ့ရင် ကာဇိုလာရဲ့  အပိုင်ဂိုးသွင်းခွင့်တွေသာ ဂိုးအဖြစ်ပြောင်းလဲခဲ့ရင် ဒီပွဲဟာ အာစင်နယ်ဂိုးပြတ်နိုင်မယ့်ပွဲတပွဲပါ။ ဂိုးကံခေနေတဲ့ အာစင်နယ် အတွတ် အနိုင်ဂိုးကို မီခေးအာတီတာ က လူကျွံအနေထားက နေ သွင်းနိုင်ခဲ့ပါတယ်။ အာစင်နယ်ကွင်းလယ်အနေနဲ့  ဒါဏ်ရာ ကပ်ဆိုးသာ မနှိပ်စက်တော့ဘူးဆိုရင် တော့ အခြေနေဆက်ကောင်းနေတော့မှာပါ.....





Arsenal starting XI vs QPR 2012:
Mannone, Sagna, Mertesacker, Vermaelen, Andre Santos, Arteta, Wilshere, Cazorla, Ramsey, Podolski, Giroud

QPR starting XI vs Arsenal 2012:
Julio Cesar, Bosingwa, Mbia, Nelsen, Traore, Wright-Phillips, Diakite, Granero, Hoilett, Taarabt, Zamora

England – Premier League Saturday, 27 October 2012

England – Premier League
Saturday, 27 October 2012

  • Aston Villa   1 - 1   Norwich
  • Arsenal      1 - 0   Queens Park Rangers
  • Reading      3 - 3   Fulham
  • Stoke          0 - 0   Sunderland
  • Wigan        2 - 1   West Ham
  • Wigan        2 - 1   West Ham
  • Man city    1 - 0   Swansea City

မြန်မာ ယူ၁၉ မိန်းကလေး အသင်း အာရှဖလား ပထမအဆင့်ခြေစစ်ပွဲအောင်မြင်

မြန်မာ ယူ၁၉ မိန်းကလေး အသင်း အာရှဖလား ပထမအဆင့်ခြေစစ်ပွဲအောင်မြင်

Friday, 26 October 2012

Barclays English Premier League

Barclays Premier League : Table



| Home | Away
Team P W D L F A W D L F A GD PTS
1 Chelsea 8 4 0 0 11 3 3 1 0 8 3 13 22
2 Man Utd 8 3 0 1 13 7 3 0 1 8 4 10 18
3 Man City 8 3 1 0 10 4 2 2 0 7 5 8 18
4 Everton 8 2 1 0 6 3 2 2 1 9 6 6 15

5 Tottenham 8 2 2 1 8 7 2 0 1 7 5 3 14

6 West Brom 8 4 0 1 10 4 0 2 1 2 5 3 14
7 West Ham 8 3 1 1 10 5 1 1 1 2 4 3 14
8 Fulham 8 3 0 1 10 2 1 1 2 6 9 5 13
9 Arsenal 8 1 1 1 7 3 2 2 1 6 3 7 12
10 Swansea 8 2 2 1 9 8 1 0 2 5 4 2 11
11 Newcastle 8 2 1 1 4 5 0 3 1 5 7 -3 10
12 Liverpool 8 1 2 2 4 6 1 1 1 6 6 -2 9
13 Stoke 8 1 2 0 3 1 0 3 2 5 8 -1 8
14 Sunderland 7 1 2 0 3 2 0 3 1 3 6 -2 8
15 Norwich 8 1 2 1 4 6 0 1 3 2 11 -11 6
16 Wigan 8 0 2 2 5 8 1 0 3 3 7 -7 5
17 Aston Villa 8 1 1 1 4 4 0 1 4 2 9 -7 5

18 Southampton 8 1 1 2 8 8 0 0 4 5 16 -11 4
19 Reading 7 0 2 1 4 6 0 1 3 4 8 -6 3
20 QPR 8 0 2 2 2 8 0 1 3 5 9 -10 3