menu
ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ
ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt
ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ
ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ
menu test
Sunday, 28 October 2012
၁၀ နှစ်ကြာ ချယ်ဆီးကွင်း တွင် အနိုင်မရခဲ့မှုကို ရပ်တန့် ခဲ့သည့်နိုင်ပွဲ
ဒီတပတ်ရဲ့ super Sunday မှာ ဒီနှစ် ပရီးမီးယားလိဒ် ရဲ့ အဆုံးဖြတ်ပွဲ တွေထဲက တပွဲအပါအ၀င်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့  ချယ်လ်ဆီး တို့ ရဲ့ ပွဲကတော့ အကြိတ်အနယ်နဲ့ အတော်ကို ကြည့်ကောင်းခဲ့သလို နစ်ဖက်ပရိတ်သတ် တွေအတွတ်လည်း အငြင်းပွားဖွယ်ရာ များနဲ့ ပြီးဆုံးခဲ့ပါတယ်၊ ဒီပွဲ မှာ အိမ်ရှင် ဖြစ်တဲ့ ချယ်လ်ဆီးက ပွဲပယ်ခံထားရတဲ့ တယ်ရီ ကလွဲလို့ ပုံမှန် ပွဲထွက် အမာခံလူများနဲ့ ဘဲ ထွက်ရှိလာပါတယ်။ ဧည့်သည် မန်ချက်စတာ ယူနိုက်တက် မှာ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ အက်ရှလေယန်းနဲ့ အတူ ဒီဂီယာ၊ နောက်တန်း မှာ ရာဖေး၊ ဖာဒီနန်၊ အီဗန်၊ အီဗရာ၊ ကွင်းလယ်မှာတော့ ချယ်လ်ဆီး ရဲ့ လျင်မြန်တဲ့ ကွင်းလယ်ကို ယှဉ်ဖို့ နည်းပြကြီး ဖာဂူဆန်က တောင်ပံနှစ်ဖက်မှာ အက်ရှလေယန်း နဲ့ ဗလန်စီယာ၊ အလယ်မှာ ကလီဗာလေနဲ့ ကားရစ်တို့ ကို တာဝန်ပေးခဲ့ပြီး ရှေ့ မှာ တော့ ဗန်ပါစီ နဲ့ ၇ွန်းနေး တို့ဘဲ ပွဲထွက်ခဲ့ပါတယ်။ပွဲစတာနဲ့  နှစ်သင်းစလုံး ဟာ လျင်လျင်မြန်မြန် နဲ့ ဘဲ တိုက်စစ်စင်ကစားခဲ့ပါတယ်။ အိမ်ရှင် ချယ်ဆီးကတော့ သူတို့ ရဲ့ အားထားရတဲ့ မာတာ၊ ဟာဇတ်၊ အော်စကာ တို့ ကွင်းလယ် တိုးအားနဲ့ အားပြုကစားပြီး မန်ယူ အသင်းကတော့ တောင်ပံ နှစ်ဖက် ဖြစ်တဲ့ ဗလန်စီယာ နဲ့  ယန်း တို့ အားနဲ့  ပြန်လည် ခုခံခဲ့ပါတယ်။ အထူးသဖြင့် ညာတောင်ပံ က ဗလန်စီယာ ကို အားပြုကစား ခဲ့ကာ ပွဲစလို့ မကြာခင်လေးမှာ ဘဲ မန်ယူတို့  အတွတ် ဦးဆောင်ဂိုးကို ညာတောင်က ရွန်နီး ဖြတ်ပေးလိုက်တဲ့ ဘောလုံးကို ဗန်ပါစီ ပိတ်သွင်းရာ တိုင်ထိပြီး ချယ်လ်ဆီးနောက်ခံလူးဝစ် နဲ့ ထိပြီး ဂိုးဝင်သွားတာကြောင့်ပထမဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုးရပြီး သိပ်မကြာခင်မှာ ဘဲ မန်ချက်စကာယူနိုကတတ် အတွတ် ဒုတိယ ဦးဆောင်ဂိုး ကို ဗန်ပါစီကဘဲ သွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးဟာ ညာတောင်ပံကို အားပြုကစားနေ့  ဗလန်စီယာ ကဘဲ ဖြတ်တင်ပေးတာကို ဗန်ပါစီက သေသတ်စွာသွင်းယူသွားတာပါ။ပွဲချိန် မိနစ် နှစ်ဆယ် မပြည့်ခင် ၂ ဂိုး အငိုက်မိသွားတဲ့ ချယ်လ်ဆီး အသင်းဟာ တရစပ် တိုက်စစ် ပြန်ဆင်ခဲ့ကာ မန်ယူ အသင်း ခံစစ်ကို အနည်းငယ်အသားပေးကာ တန်ပြန်တိုက်စစ်နဲ့ သာ ကစားခဲ့၇ပါတယ်၊ ဒီအချိန်မှာ မန်ယူဂိုးသမားလေး ဒီဂီယာ ရဲ့ အခန်းက အတော်ကို အရေးပါခဲ့ပါတယ်..ချယ်လ်ဆီး အသင်းရဲ့ သေချာပေါက်ကန်ချက်တွေကို ကာကွယ်ပေးနိုင်ခဲ့လို့ သာ အိမ်ရှင်အသင်း ချေပဂိုး တစ်ဂိုးကို မာတာက ပထမပိုင်း ပြီးခါနီး မှီာ အလွတ်လည်ကန်ဘောက နေသွင်းယူသွားနိုင်ခဲ့ကာ ပထမပိုင်းပြီးခဲ့ပါတယ်။ဒုတိယ ပိုင်း ပြန်စတဲ့ အခါမှာလည်း ၁ ဂိုးရှုံးနေတဲ့ အိမ်ရှင်ချယ်လ်ဆီးက ဘဲ တိုက်စစ် ကို ခပ်မြန်မြန် နဲ့  မာမာထန်ထန် ကစားခဲ့ကာ မိနစ် ၅၀ ကျော်လောက်မှာ ရာမီးယက်စ် က ချယ်လ်ဆီး အတွတ် ချေပဂိုးကို ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့ပါတယ်။ချေပဂိုးတွေ ရခဲ့ပြီး ချယ်ဆီး ဟာ အနိုင်ဂိုး အတွတ်ပါ ပိုပြီးအားထည့်ကစားခဲ့ပါတယ်၊ မန်ယူအသင်းဟာလည်း ချေပဂိုးတွေ ပေးလိုက်ရတဲ့ အတွတ် သူတပြန်ကိုယ်တပြန်နဲ့  ပွဲက ပိုလို့ ကြည့်ကောင်းခဲ့ပါတယ်။ ဒီအချိန်မှာဘဲ ပွဲကို အလှည့်ပြောင်းဖြစ်သွားစေတဲ့ အိုင်ဗန်နိုဗစ်ရဲ့  အနီကဒ် ပြစ်ဒဏ် နဲ့ ထွက်သွားခဲ့ရပါတယ်။ အိုင်ဗန်နိုဗစ် ဟာ လွတ်ထွက်သွားတဲ့ အက်ရှလေးယန်းကို နောက်ဆုံး နောက်ခံလူအဖြစ် အနောက်ခြေထောက်ကိုငြိသွားတဲ့အတွတ် ဒိုင်လူကြီးဟာ တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။ မန်ယူအသင်းအဟာ ၁ယောက်အသာရသွားတဲ့ အချိန်အနိုင်ဂိုး ရနိုင်အောင် ဖိဖိစီးစီး ကစားလာတာတွေ့ ရပါတယ်။ ကလီဗာလေအစား ရိုင်ဂစ် ကို ထည့်ပြီး တိုက်စစ် အားမြင့်ခဲ့ပါတယ်။ ဒီလိုနဲ့ ချယ်ဆီးကလည်း အော်စကာ ကိုထုတ်ပြီး နောက်တန်း လူတဦးနဲ့ လူစားလဲခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။ချယ်ဆီး အတွတ် နောက်ထပ် ကံကြမ္မာဆိုးကတော့ ဖာနန်ဒိုတောရက်စ် အနီကဒ် ထိသွားခြင်းပါဘဲ။ လွက်ထွက်သွားတဲ့ တောရက်စ် ဟာ ပင်နယ်တီစည်း မရောက်ခင် အနောက်က ကပ်ပါလာတဲ့ အီဗန် နဲ့ ငြဲသလိုအနေအထားဖြစ်ပြီး လဲသွားတာကို ဒိုင်လူကြီးက ဒုတိယအ၀ါကတ် ပြပြီး ထွက်သွားစေတဲ့အခါမှာတော့ ပွဲဟာ တဘက်သတ်ဖြစ်သွားစေပြီး မန်ယူအတွတ် အနိုင်ဂိုးကို လူစားဝင်လာတဲ့ ဟာနန်ဒက်က နေပြီးတော့ သွင်းယူသွားကာ အိမ်ရှင် အသင်းပေါ် ၁၀ နှစ်တာ အနိုင်မရခဲ့သော စတန်းဖို့ ဘရစ်ခ်ျ မှာ အောင်ပွဲခံယူသွားကာ ပရီးမီးယားလိဒ် ရဲ့ အရှိန်ကို မြင့်တင်စေလိုက်ပါပြီ။ ။
Labels:
Football News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment