menu
ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ
ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt
ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ
ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ
menu test
Saturday, 5 January 2013
FA ဖလား တတိယအဆင့် ပွဲစဉ် ပထမည နောက်ကျပွဲ အဖြစ် ဝက်စ်ဟမ်းနှင့် မန်ချက်စတာယူနိုက်တက် အသင်းတို့ အပ်တန်ပက်တွင် ယှဉ်ပြိုင် ကစားခဲ့ကြသည်။ ယနေ့ပွဲစဉ်တွင် မန်ယူအသင်းသည် ကလေဗာလေ၏ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း ကောလင်း၏ ခေါင်းတိုက်ဂိုး နှစ်ဂိုးကြောင့် မိနစ် (၉၀) အထိ ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သို့သော်လည်း ဗန်ပါစီ၏ (၉၁) မိနစ် သွင်းဂိုးကြောင့် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး အိုးထရတ်ဖို့ဒ်တွင် ဒုတိယအကျော့ ဆက်လက် ကစားရဦးမည် ဖြစ်သည်။
အိမ်ရှင် အသင်း၌ တိုက်စစ်မှုး ကာတန်ကိုးလ် အား တိုက်စစ်တွင် ဗက်ဇ်တေး၊ ကစားသမားသစ် ဂျိုကိုးလ် တို့နှင့် တွဲကစားစေခဲ့ပြီး ကွင်းလယ်တွင် နိုလန်၊ ဒိုင်ယာရာ၊ ကော်လီဆင် တို့ဖြင့် ပွဲထွက်ခဲ့သည်။ ခံစစ်တွင်တော့ ဂိုးသမား ဂျက်စကယ်လိုင်နန် အား ဒီမယ်လ်၊ ကောလင်း၊ တွမ်ကင်းစ်၊ ပေါ့တ်စ် တို့ဖြင့် ကာကွယ်စေသည်။ မန်ယူအသင်းတွင်တော့ တိက်စစ်မှုး ချီချာရီတိုနှင့် ဝဲလ်ဘက် တို့ကို တွဲကစားစေခဲ့ပြီး ကွင်းလယ်တွင် ရာဖေးလ် ကို ညာတောင်ပံ၌ အသုံးပြုခဲ့ကာ စခိုးလ်၊ ကလေဗာလေ၊ ကာဂါဝါ တို့နှင့် တွဲပေးခဲ့သည်။ ခံစစ်တွင် ဗီဒစ်၊ အီဗန်၊ ဘတ္တနာ၊ စမောလင်းတို့ဖြင့် ပွဲထွက်ခဲ့ပြီး ဂိုးသမား ဒီဂီယာကို အသုံးပြုခဲ့သည်။
ဧည့်သည် မန်ယူအသင်းသည် ပွဲအစပိုင်းတွင် အိမ်ရှင် ဝက်စ်ဟမ်း၏ ကွင်းလယ်ကို ထိန်းချုပ် ကစားခဲ့သည်ကိုတွေ့ရပြီး အနီးပေး တွဲလုံးများဖြင့် တိုက်စစ်ဆင်ခဲ့သည်။ အိမ်ရှင် အသင်းမှာမူ တန်ပြန် တိုက်စစ်ကို အားပြုခဲ့ပြီး အမြင့်ဘော ဖန်တီးမှုများဖြင့် ဂိုးရယူရန် ကြိုးစားခဲ့သည်။
ပွဲချိန် (၂၃) မိနစ်တွင် မန်ယူအသင်း ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့သည်။ ယင်းဂိုးကိုတော့ ရာဖေးလ်၊ ချီချာရီတိုတို့၏ တိုက်စစ် တွဲလုံးမှ တဆင့် မက္ကဆီကို တိုက်စစ်မှုး၏ ဖြတ်တင် ဖန်တီးမှုကို ကွင်းလယ်လူ ကလေဗာလေ ၎င်း သွင်းယူနေကျ ပုံစံအတိုင်း ဂိုးနှင့်ထောင့်ဖြတ် အနေအထားမှ လှလှ ပပ သွင်းယူခဲ့ခြင်း ဖြစ်သည်။
ယူနိုက်တက် အသင်း၏ ဦးဆောင်ဂိုး လေးမိနစ်သာ ကြာခဲ့ပြီး (၄) မိနစ်အကြာတွင် အိမ်ရှင် အသင်း ချေပဂိုး ရရှိခဲ့သည်။ ယင်းဂိုးကိုတော့ ကစားသမားသစ် ဂျိုကိုးလ်၏ ဖြတ်တင်မှုမှ တဆင့် နောက်ခံလူ ကောလင်းက ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။
ပွဲချိန် (၅၉) မိနစ်တွင်တော့ အိမ်ရှင် ဝက်စ်ဟမ်း အသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့သည်။ ယင်းဂိုးကိုလည်း ပထမဂိုး ကဲ့သို့ပင် ဂျိုကိုးလ်က ဖြတ်တင် ဖန်တီးခဲ့ခြင်း ဖြစ်ပြီး နောက်ခံလူ ကောလင်းကပင် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။
ပွဲချိန် (၆၇) မိနစ်တွင်တော့ မန်ယူအသင်း လူစားလဲမှုများ ပြုပ်လုပ်ခဲ့ပြီး တိုက်စစ် ကစားပုံ ပြောင်းလဲခဲ့သည်။ ချီချာရီတိုနှင့် ပေါလ်စခိုး တို့အစား ဗန်ပါစီနှင့် ဗလင်စီယာ တို့ကို ထည့်သွင်းခဲ့ပြီး တိုက်စစ် မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။
ပွဲချိန် (၇၇) မိနစ်တွင် နှစ်သင်းလုံး လူစားလဲမှုများ ပြုလုပ်ခဲ့ပြန်သည်။ အိမ်ရှင် အသင်းမှ ခြေစွမ်းပြ ကစားနေသည့် ကစားသမားသစ် ဂျိုကိုးလ် အစား တေလာ ဝင်ရောက် ကစားခဲ့သလို၊ မန်ယူအသင်းမှ စမောလင်း အစား ရွိုင်ယန်ဂစ် ကို အစားထိုးခဲ့သည်။
ပွဲချိန် မိနစ်(၉၀) အပြည့်တွင် မန်ယူအသင်း ချေပဂိုး ရရန် နီးစပ်ခဲ့ပြီး ရာဖေးလ်၏ ဖန်တီးမှုမှ တဆင့် ဂစ် ဂိုးပေါက်နှင့် အနီးကပ် ခေါင်းတိုက် ဂိုးသွင်းခဲ့ပေမယ့် ခေါင်းတိုက်ချက် များသွားခဲ့သည်။ သို့သော်လည်း အပိုင်ဆောင်းမိနစ် (၁) မိနစ်တွင် မန်ယူအသင်း ချေပဂိုး ရရှိခဲ့သည်။ ယင်းဂိုးကိုတော့ ရွိုင်ယန်ဂစ်၏ လှပသည့် ဖန်တီးမှုမှ တဆင့် ဗန်ပါစီ တစ်ဦးတည်း လွတ်သွားခဲ့ပြီး ဂိုးသမားနှင့် တစ်ယောက်ခြင်း အတွေ့ အပိုင် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် နောက်ဆုံး မိနစ် နောက်ဆုံး စက္ကန့် အခြေအနေတွင် ဗလင်စီယာ ဂိုးဧရိယာ ထဲတွင် အပိုင် ကန်သွင်းခွင့် ရခဲ့သော်လည်း ဖြုန်းတီးခဲ့သဖြင့် အိမ်ရှင် အသင်း ကံကောင်းခဲ့ရသည်။
Labels:
Football News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment